True Sight - The International 2018 Finals

2 Просмотры
Издатель
ဒီ movie လေးကတော့ dota ခုတ်တဲ့ player လေးတွေ အရမ်းပျော်သွားမယ့် မှတ်တမ်းရုပ်ရှင်ကားလေးပါ။ နာမည်ကြီး အဖွဲ့ဖြစ်တဲ့ အသင်းနဲ့ OG အသင်းတို့ရဲ့ 2018 final ပွဲကို Live ရိုက်ကူးထားတာမို့ dota ချစ်သူများ ပြန်လည်ကြည့်ရှု အားပေးနိုင်ပါတယ်နော်

(Dota သမားမဟုတ်တဲ့သူတွေများကလဲ Ti ပြိုင်ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားပုံကို စပ်စုကြည့်သင့်ပါတယ်)

TRUE SIGHT is a documentary series that takes you behind the scenes of the journeys of professional Dota 2 teams. This episode follows and OG through the grand finals at The International 2018.

Review
------------
IMDB:

True Sight ဆိုတာကို တော်တော်များများက သိကြပေမယ့်

မသိသေးတဲ့လူတွေအတွက် အနည်းငယ်ပြောပြချင်ပါတယ်

The International ဆိုပြီး နိုင်ငံတကာမှ Dota2 အသင်းများဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ TI ပြိုင်ပွဲကြီးကို

နှစ်စဉ်ကျင်းပလာတဲ့အခါမှာ .....

တစ်ကြိမ်ကျင်းပပြီးတိုင်း နောက်ဆုံးဗိုလ်လုပွဲရောက်ရှိခဲ့တဲ့ အသင်းတွေရဲ့

Stageနောက်ကွယ်က အခြေအနေအတွေ

Player တွေတစ်ယောက်ချင်းစီရဲ့Final ၅ပွဲအတွင်း စိတ်ခံစားမှုတွေကို

ကွက်ကွက်ကွင်းကွင်း ဇာတ်လမ်းတစ်ပုဒ်လို ရိုက်ပြထားတာကို True Sightလို့ ခေါ်တာပါ


ဇာတ်လမ်းမဟုတ်ပါဘူး Playerတွေရဲ့သဘာဝစစ်စစ်တွေကို ပြသထားတာပါ

အခု ဒီ True Sightကတော့ 2018 TI8 Final မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့

အသင်းနဲ့ OG အသင်းတို့ရဲ့ ယှဉ်ပြိုင်မှုကို ပြသထားတာပါ

OGအသင်းက TIဝင်ပြိုင်ခါနီးမှာ အသင်းသား၂ယောက် ထွက်သွားတာကြုံတွေ့ခဲ့ပြီး

ကမန်းကတမ်း ပြန်လည်ဖွဲ့စည်းထားရတာပါ

တရုတ်နိုင်ငံကိုယ်စားပြုအသင်းကတော့

လူတိုင်းစောင့်ကြည့်ခံနေရတဲ့အသင်းပါ

မယုံနိုင်စရာပဲ ကမန်းကတမ်းလူစာရင်းနဲ့ OG က Finalကို တက်လာနိုင်ပြီးတော့

နဲ့ ဖိုင်နယ်မှာပြန်တွေ့ပါတယ်

(ပထမတစ်ခါ TI8 အုပ်စုပွဲစဉ်တွေမှာတွေ့တော့ OG ကနိုင်ခဲ့တာပါ)

ဒါပေမယ့်လဲ OGက TI ချန်ပီယံဖြစ်ဖို့ဝေးလို့ Finalတက်ဖို့တောင်အနိုင်နိုင်လို့ထင်ထားတဲ့သူတွေအများကြီးပါ

ဒါပေမယ့်လည်းOGတက်ရောက်လာခဲ့ပါတယ်


OGဟာအရာရာ ဆုံးရှုံးခဲ့သူပါ

အသင်းသား၂ယောက်ဆုံးရှုံးရတယ် ဖိနှိပ်မှုတွေခံရတယ်

ဒါပေမယ့် ဘာမှထပ်ဆုံးရှုံးစရာမရှိတော့တဲ့ သူတစ်ယောက်က လောကမှ ကြောက်ဖို့အကောင်းဆုံးမဟုတ်လား…

OG မှာ နိုင်လဲအမြတ် ... မနိုင်လဲ အရင်း ထပ်ဆုံးရှုံးစရာမရှိတော့ပါဘူး

သူတို့ ရလဒ်ကို မမျှော်ကိုးပဲ ယှဉ်ပြိုင်ခဲ့ပါတယ်

ဒီ True Sightမှာခေါင်းဆောင်ကောင်းဆိုတာဘယ်လိုလဲ

Dota ဆိုတာ ဘယ်လိုGameမျိုးလဲဆိုတာကို နားလည်သွားမှာပါ

^_^

ဘာသာပြန်ပေးထားတာတော့Wai Zinဖြစ်ပါတယ်
Credit:


#dota #world_premiere
#dota2 #The_international_2018_finals
#game
Категория
Исторические фильмы
Комментариев нет.
Яндекс.Метрика